နေပြည်တော် ဧပြီ ၁

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၈၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲတွင်  နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဉီးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ၊ ခရိုင်မြို့နယ်ဒေသစာရင်းစစ်ရုံးများ တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး ဝန်ထမ်းများက Virtual စနစ်ဖြင့် တက် ရောက်ကြ သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ခေတ်စနစ်နှင့်ကိုက်ညီသော စစ်ဆေးရေးပညာရပ်များ အသုံးပြု၍ စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊  တိုးချဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍  အချိန်နှင့် တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit) ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်စစ်ဆေးလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှစ၍ ၂၀၂၁-၂၀၂၃ ခုနှစ်အတွက် ASEANSAI အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ASEANSAI စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်း စာရင်းစစ်ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။ 


ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မှတ်တမ်းလွှာ Video Clip ကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယစာရင်းစစ်ချုပ်နှင့် အမြဲတမ်းအတွင်းဝန် တို့က ရုံးချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်အကောင်းဆုံးဆု၊ ရုံး မဂ္ဂဇင်းစာမူရှင်ဆု၊ ဆန်းသစ်တီထွင်ဆု၊ ရုံးမဂ္ဂဇင်းစာမူရှင်ဆု၊ စီမံနှင့်စစ်ဆေးရေးစွမ်းဆောင် ရည် အကောင်းဆုံးဆုနှင့် သင်ကြားမှုထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ 

ထို့နောက် ရုံးသီချင်း၊ အဆင့်မြင့်ကျောင်းသီချင်းတို့ဖြင့် တစ်နှစ်တာကာလ လှုပ်ရှားဆောင်ရွက်မှု  Video Clip ကို  ပြသသည်။

ယင်းနောက် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများသည် နှစ်ပတ် လည်နေ့အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြပွဲနှင့် ပိုစတာပြပွဲပြိုင်ပွဲကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလက် မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းဥက္ကဋ္ဌတို့က ဆုအမျိုးအစားအလိုက် ဆုရရှိသူနှင့် ကြိမ်ရေ အများဆုံးသွေးလှူဒါန်းရှင်များကို ဆုနှင့်မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး ကံစမ်း မဲဖောက်ပေးခြင်း၊ စတုဒီသာကျွေးမွေးခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်