မော်စကို၊ ဧပြီ ၃

 

ရုရှားအာကာသယာဉ် Skif ၏ စွမ်းဆောင်မှုကောင်းများကြောင့် မြောက်ဝင်ရိုးစွန်းဒေသရှိ ပြည်သူများသည် ၂၀၂၆ ခုနှစ်တွင် အင်တာနက်သုံးစွဲခွင့် ရရှိမည် ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် သတင်း ဌာနက မတ် ၃၁ ရက်တွင် သတင်း ဖော်ပြသည်။

 

၂၀၂၆ ခုနှစ်မှစတင်ပြီး Sphere စီမံကိန်း၏ Skif ဂြိုဟ်တုများသည် အာတိတ်ဒေသတွင် အင်တာနက် အသုံးပြုခွင့်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြောက်ဝင်ရိုးစွန်း ဒေသ၌ အင်တာနက်သုံးစွဲနိုင်ခြင်း မရှိသေးပေ။

 

အဆမတန်ကြီးမား

 

အမေရိကန် ဂြိုဟ်တုဖုန်းများကို အသုံးပြု၍ ပြည်သူများသည် အင်တာနက်ကို သုံးစွဲနိုင်သော် လည်း ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်သို့ ဝင်ရောက်မှုမှာ နှေးကွေးပြီး သုံးစွဲခွင့်အဖိုးအခမှာ အဆမတန် ကြီးမားလှသည်။

 

၂၀၂၂ ခုနှစ် အောက်တိုဘာလ တွင် ရုရှားနိုင်ငံက Soyuz-2.1b လွှတ်တင်ယာဉ်ကို အသုံးပြု၍ Skif-D ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့သည်။ မကြာမီအချိန်တွင် Skif ဂြိုဟ်တု ရှစ်လုံးသည် အစီအစဉ်တကျ ကြယ်စုတစ်ခုအဖြစ် ပတ်လမ်းထဲသို့ ရောက်ရှိ သွားဖွယ်ရှိကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်