ဧပြီ ၃
အမေရိကန်နိုင်ငံ မြောက်ပိုင်း ရှဲလ်ဘိုင်ခရိုင်တွင် ယမန်နေ့ညနေပိုင်းက ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့သဖြင့် လေယာဉ်အမှုထမ်းနှစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ဒဏ်ရာရရှိသော တတိယမြောက်လေယာဉ်အမှုထမ်းတစ်ဦးကို ယူအေဘီဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါအသက်ကယ်ဆေးဘက်ဆိုင်ရာရဟတ်ယာဉ်တစ်စင်းသည် ဘီအာခရိလမ်း ( ကောင်တီလမ်း ၄၃ )နှင့် မောင်တိန်းအုတ်ခ်ဒရိုက်အနီးတွင် ပျက်ကျခဲ့ကြောင်း ရှဲလ်ဘိုင်ခရိုင်ရုံးအဖွဲ့က ပြောကြားသည်။
ထိုရဟတ်ယာဉ်ပျက်ကျသည့်သတင်းရရှိပြီးနောက် ခရိုင်ရုံးတာဝန်ရှိသူများသည် ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိချိန်အထိ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထိခိုက်ဒဏ်ရာရသေဆုံးသူများ၏အမည်များကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့အစည်းက ယင်းရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို