နေပြည်တော်၊ ဧပြီ ၃

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ကို ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအစိုးရတို့အကြား ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တောများထိန်းသိမ်း‌ရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွင် သစ်တောထိန်းသိမ်းရေး ဦးစားပေးဆောင်ရွက်နေမှု၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတို့တွင် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နည်းပညာနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ သတ္တုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဦးဆောင်ညွှန်ကြားရေးမှူးများ၊  ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်းစဉ်