နေပြည်တော်၊ ဧပြီ ၃
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် မြန်မာန်ုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ကို ယနေ့ နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် လက်ရှိပူးပေါင်း ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံထပ်မံတိုးမြှင့် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း အလားအလာများ၊ စွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အသိပညာများ မျှဝေပေးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ညွှန်ကြားရေမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်