ပါရီ၊ ဧပြီ ၄
ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူယယ် မက်ခရွန်သည် ပြင်သစ်နိုင်ငံ ဥရောပသမဂ္ဂတို့နှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေး တိုးမြှင့်စေရေးအတွက် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်သည် တရုတ်နိုင်ငံသို့ ဧပြီ ၅ ရက်မှ ၇ ရက်အထိ အလည်အပတ်ခရီးလာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မောင်နင်းက ပုံမှန်ပြုလုပ်နေကျဖြစ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မက်ခရွန်၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး၊ တရုတ် - ဥရောပသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
ပြင်သစ်သမ္မတ မက်ခရွန်သည် တရုတ်နိုင်ငံသို့ သွားရောက်စဉ်တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်းနှင့် ကွမ်တုံပြည်နယ်၏ မြို့တော် ကွမ်ကျိုးသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် အဓိကအရေးပါသည့် နိုင်ငံများဖြစ်သည်နှင့်အညီ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်ကြောင်းလည်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်