တိုကျို၊ ဧပြီ  ၃

 

အမျိုးသမီးအာကာသယာဉ်မှူးလောင်းအဖြစ်  ရွေးချယ်ခြင်းခံခဲ့ရသူ  Yoneda  Ayu သည် ယနေ့တွင် ဂျပန်အာကာသအေဂျင်စီ၌ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

 

ဂျပန်နိုင်ငံ၏ဂုဏ်ကို မြှင့်တင်နိုင်ရန်နှင့် အာကာသလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်သွားမည်ဟု အာကာသယာဉ်မှူးလောင်း Yoneda  Ayu က ပြောကြားသည်။ ဂျပန်အာကာသအေဂျင်စီထံမှ  အဖွဲ့ဝင် အမှတ်တံဆိပ်ကို လက်ခံရရှိ၍  စိတ်လှုပ်ရှားကာ  စိတ်အားတက်ကြွမိကြောင်းနှင့် ဝါရင့်အာကာသယာဉ်မှူးထံမှ သင်ယူစရာ ရှိသည်များကို အစွမ်းကုန်ကြိုးစားသင်ယူသွားမည်ဟု  ၎င်းကပြောကြားသည်။

 

Yoneda Ayu နှင့် Suwa Makoto တို့ကို အာကာသယာဉ်မှူးလောင်းများအဖြစ် ဖေဖော်ဝါရီလတွင် ဂျပန်အာကာသအေဂျင်စီက ၁၄ နှစ်အတွင်း ပထမဆုံး  စိစစ်ရွေးချယ် ခဲ့သည်။ Yonedaသည် ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး Suwa Makoto မှာ ကမ္ဘာ့ဘဏ် ဝန်ထမ်းဖြစ်သည်။ ၎င်းတို့အား နာဆာနှင့် အခြားအာကာသ လေ့ကျင့်ရေးစခန်းများ၌  သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခြားအမျိုးသမီး အာကာသယာဉ်မှူးဖြစ်သည့် Suwa Makoto မှာ ဇူလိုင် ၁ ရက်တွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- စိုးသူရ