နေပြည်တော် ဧပြီ ၄
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲတွင် ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ချင်းပြည်နယ်အစိုးရအဖွဲ့တွင် ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) ကို Online စနစ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်းများ ဆောင်ရွက်သည်။
ထိုသို့ပြုလုပ်ရာ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure - SOP)၊ လုပ်ငန်းလမ်းညွှန် (Terms of Reference - TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA) အများပြည်သူထံမှ တုံ့ပြန်မှု ရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်