ရန်ကုန် ဧပြီ ၈

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) ကြီးကြပ်မှုအောက်ရှိ ရန်ကုန် (ပန်းဆိုးတန်း-ဒလ)သို့ ပြေးဆွဲပေးနေသော ချယ်ရီသင်္ဘောသည် သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အများပြည်သူများ စိတ်အေးချမ်းသာစွာ သွာလာရေးအဆင်ပြေစေရန်အတွက် သင်္ဘောခေါက်ရေ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်းသည် ဒလမြို့နယ် ဒေသခံပြည်သူများ အပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များအပြင် ဧရာဝတီတိုင်းဒေသကြီးရှိ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် စီးပွားရေးမြို့တော် ဖြစ်သည့် ရန်ကုန်မြို့သို့ ဝင်/ထွက်သွားလာနေကြသော အများပြည်သူများအား ကမ်းရိုးတန်း မြစ်တွင်းသွား ချယ်ရီသင်္ဘောရေယာဉ်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ (ပန်းဆိုးတန်းဒလ) သင်္ဘောခရီးစဉ်များကို ရုံးဖွင့်ရက်များနှင့် ရုံးပိတ်ရက်များတွင် အသွားခေါက်ရေ ၄၀၊ အပြန်ခေါက်ရေ ၄၀ နှန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၅ နာရီခွဲမှ ည ၆ နာရီ ၄၀ မိနစ်အထိ လည်ကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှ ည ၇ နာရီအထိလည်ကောင်း သင်္ဘောရေယာဉ်ခရီးစဉ်များ ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။

၂၀၂၃ ခုနှစ် သက်ြန်ရုံးပိတ်ရက်ကာလ ဧပြီ ၁၃ ရက်မှ ၁၇ ရက်အတွင်း ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းများ တင်ပို့မှု လျော့နည်းလာသဖြင့် သင်္ဘောခရီးစဉ်ကို အသွားခေါက်ရေ ၂၀၊ အပြန်ခေါက်ရေ ၂၀ နှန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၆ နာရီမှ ညနေ ၆ နာရီခွဲအထိလည်ကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီခွဲမှ ည ၇ နာရီအထိလည်ကောင်း သင်္ဘောရေယာဉ်ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ခရီးသွားပြည်သူများ သိရှိနိုင်စေရန် သင်္ဘောဆိပ်ကမ်းရှိ လက်မှတ်ရုံဝင်ပေါက်တွင် အသိပေး ဗီနိုင်းများဖြင့် ကြော်ညာထားသည်။ သက်ြန်ရုံးပိတ်ရက်ကာလ ပြီးဆုံးပါက ခေါက်ရေခရီးစဉ်များ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးမည်
ဖြစ်သည်။

ယခုအချိန်တွင် ရေယာဉ်ဖြင့် သွားလာနေရသော အများပြည်သူများ စိတ်အေးချမ်းသာစွာ ခရီးသွားလာနိုင်ရေးအတွက် ရေယာဉ်စီးခမှာ ယခင်အတိုင်း တစ်ဦးလျှင် ၂၀၀ ကျပ်ဖြင့် ဈေးနှန်းမတက်ဘဲ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)