တာချီလိတ် ဧပြီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များ၊ သီလရှင်များ နှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ် နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဧပြီ ၆ ရက် မွန်းလွဲ ၂ နာရီက မြို့နယ် ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တကုဝေရ က သာရဏီရ တိုက်တွန်းလွှာဂါထာတော်ကို ဖတ်ကြားပူဇော်ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်း စာအောင်သံဃာ တော်နှစ်ပါး၊ ပထမလတ်တန်း စာအောင် သံဃာတော် ငါးပါး၊ အခြေပြုမူလတန်း စာအောင်သံဃာ ၁၈ ပါး၊ သီလရှင်နှစ်ပါးနှင့် လူပုဂ္ဂိုလ်နှစ်ဦးတို့အား အောင်လက်မှတ် နှင့် စာအောင်ဆု နဝကမ္မဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဆရာတော်အရှင် သူမြတ်တို့က အစိုးရပါဠိပထမပြန် စာမေးပွဲ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ငွေတောင် ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ထံ မှ ရေစက်ချ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပေးခဲ့ ကြောင်း သိရသည်။
သန်းဇော်(တာချီလိတ်)