ပုသိမ်    ဧပြီ      ၈

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်     ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ပိုင်းက  ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌   ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင် ရှစ်ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြီးခဲ့သည့်နှစ် အားနည်းချက်များကို သုံးသပ်၍ လုပ်ငန်းများ  ဆောင်ရွက်ရာတွင်  ဘဏ္ဍာနှစ်အစမှပင်   ဆောလျင် စွာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒေသလိုအပ်ချက်များကိုလည်း ဒေသခံပြည်သူများ၏ တင်ပြချက်များအား အလေးထား၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက်  လျာထားဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ် လုပ်ငန်းများ တိုးတက်လာရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းရောက်စေရေးနှင့် စံနမူနာပြတိုင်းဒေသကြီး ဖြစ်စေရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ ပိုမိုအောင်မြင်ရန် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍများအလိုက်  ကြပ်မတ်ဆောင်ရွက် ရန်လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းအဆင့်ဌာန ဆိုင်ရာ များအား တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း တာဝန်များကိုလည်းကောင်း၊  ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့    ဥက္ကဋ္ဌများအား သက်ဆိုင်ရာခရိုင်များ၏ ဒေသန္တရစီမံကိန်းတာဝန်များကို လည်းကောင်း ပေးအပ်ခဲ့ ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)