ရပ်စောက်   ဧပြီ   ၈

 

ရှမ်းပြည်နယ်     ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူ တို့သည် ယမန်နေ့ နံနက် ၁၀ နာရီက      ရပ်စောက်မြို့နယ်ရှိ အင်းခေါင်းကန်အတွင်း နုန်းများ၊ မှော်များ၊ ဒိုက်များ ဆည်ယူနိုင်ရန် သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူ များမှ ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည်  ရပ်စောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်   စိုက်ပျိုးရေး၊   မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေသော ဒေသခံများက ရှင်းလင်းတင်ပြကြရာ တင်ပြချက်အပေါ် ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်    ရပ်စောက်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာန ရိပ်သာခန်းမ၌ ညွှန်ကြားရေးမှူး    ဦးညွန့်ဌေးက ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံ စီမံကိန်းအား ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးနှင့် စိုက်ပျိုးရေ ပေးဝေနိုင်ရေး  စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

အဆိုပါ ကျိုင်းခမ်းရေလှောင် တမံ စီမံကိန်းပြီးစီးပါက နှစ်စဉ် လျှပ်စစ်စွမ်းအား  ၂၄  ကီလိုဝပ် နာရီသန်းပေါင်း   ထုတ်လွှတ်ပေး နိုင်ခြင်းနှင့် လယ်မြေဧရိယာများ သို့ စိုက်ပျိုးရေ ဖူလုံစွာပေးဝေနိုင် ခြင်းနှင့် မိတ္ထီလာလွင်ပြင်ဒေသရှိ လယ်ယာမြေ    ဧရိယာများအား ဆည်ရေလုံလောက်စွာပေးဝေနိုင် ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တပ်မတော်(ကြည်း)   တိုက်ခိုက်ရေးကျောင်း (ဗထူး) အာလူးစိုက်ခင်းနှင့် ဗထူးစမ်းမှ  ထွက်ရှိသောရေများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က တည်ဆောက် ထားသော  စိုက်ပျိုးမြေ ၁၇၅ ဧကကို အကျိုးပြုသော ရေလွှဲဆည်အား သွားရောက်ကြည့်ရှုကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)