သံဖြူဇရပ် ဧပြီ ၉
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလတွင် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့လျက် ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ပွဲအခမ်းအနားကို ဧပြီ ၉ ရက် နံနက်ပိုင်းက အောင်ဇေယျ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များအား အရုံဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေ ခဲ့သည်။ ထို့နောက် သက်ကြီးပူဇော်ပွဲအခမ်းအနားပြုလုပ်ရာ သံဖြူဇရပ်မြို့နယ် အောင်ဇေယျရပ်ကွက် အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား အဘိုး(၄)ဦး၊ အဘွား(၁၇)ဦး၊ စုစုပေါင်း ဘိုးဘွား (၂၁)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၅၀၀၀) နှုန်းဖြင့် ပစ္စည်းများပေးအပ်လှူဒါန်းပြီး အခမ်း အနားမတက်ရောက်နိုင်သည့် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)