နေပြည်တော်   ဧပြီ   ၉

 

နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့်   ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းနှင့်  ဆီထွက်သီးနှံ နေကြာ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းဝေးသို့   ပြည်ထောင်စုဝန်ကြီး  ဦးမင်းနောင်၊   ဒုတိယဝန်ကြီး   ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊   အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့် စိုက်ပျိုးရေး   လုပ်ငန်းတာဝန်ခံ ဆောင်ရွက်နေသည့်   ပြည်နယ်/ တိုင်းဒေသကြီး     လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

 

လုပ်ငန်းညှိနှိုင်း   အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က “နိုင်ငံ၏စီးပွားရေး အခြေအနေကောင်းများ   ဖန်တီးနိုင်မှသာလျှင်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်” ဆိုသည် နိုင်ငံတော်၏ မူဝါဒနှင့် အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်   တောင်သူများ၏   စိုက်ပျိုး ထုတ်လုပ်မှု   ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်  ဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း။

 

ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီးသုံးခုတွင် ဆောင်ရွက်ခဲ့သည့် ပဲတီစိမ်းသီးနှံမှာ ရိတ်သိမ်း ပြီးစီးပြီဖြစ်ကာ တောင်သူများကလည်း   သီးနှံများပြန်လည်ပေးသွင်းနေကြပြီ   ဖြစ်ကြောင်း၊ နွေစပါး သီးနှံကို   နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသ ကြီး  ခုနစ်ခုတွင် ဆောင်ရွက်ခဲ့ပြီး အောက်မြန်မာပြည်၌ မကြာမီ နွေစပါး  ရိတ်သိမ်းတော့မည်ဖြစ်၍ တောင်သူများ  စာချုပ်ပါစည်းကမ်း များနှင့်အညီ   သီးနှံပြန်လည် ပေးသွင်းနိုင်ရေးနှင့်  နိုင်ငံတော်၏ ဘဏ္ဍာ ဆုံးရှုံးမှုမရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ကြီးကြပ်        ဆောင်ရွက်ပေးစေလိုကြောင်း။

 

စီမံကိန်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ကာလအတွင်း  ရာသီအချိန်မီ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိ၍   ရာနှုန်းပြည့်   အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ခြင်းမရှိသော်လည်း   ဆောင်ရွက်ပြီး လုပ်ငန်းများမှ ရရန်ရှိသည့်ချေးငွေများ   အပြည့်အဝ   ပြန်လည်ကောက်ခံရရှိရေးနှင့် ကောက်ခံရရှိလာမည့် အရင်းမပျောက် မတည်ရန်ပုံငွေကို လာမည့်ရာသီတွင် အကျိုးရှိအောင် အသုံးပြုနိုင်ရေးအတွက်   ဆောင်ရွက်သင့်သည့် အစီအမံများကို  ဆွေးနွေးကြရန် ဖြစ်ကြောင်း။

 

 အလားတူ  အထက်မြန်မာပြည် ဒေသများဖြစ်သည့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီးများ၏  နွေစပါးစိုက်ပျိုး ရာသီတွင်      တောင်သူများထံ သွင်းအားစုများ အချိန်မီထောက်ပံ့ နိုင်ရေးအပြင် နိုင်ငံတော်အကြီးအကဲ၏   လမ်းညွှန်ချက်အတိုင်း သီးနှံများအထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ မျိုးကောင်း မျိုးသန့်       သုံးစွဲရေး၊ စိုက်နည်းစနစ်          မှန်ကန်ရေး၊ သွင်းအားစုများ   စနစ်တကျ ထည့်သွင်းရေး     လုပ်ငန်းများကိုလည်း  သက်ဆိုင်ရာ  တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်လုပ်ငန်းအဖွဲ့များကို  ကြီးကြပ်ဆောင်ရွက်ပေး ကြရန်   တိုက်တွန်းပြောကြားလို ကြောင်း။

 

ဒုတိယပိုင်းအနေဖြင့်   ဆီထွက် သီးနှံနေကြာ   တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းကို  ပြည်ထောင်စုဝန်ကြီး ငါးဦးပါဝင်သော   “စားသုံးဆီဖူလုံ ရေးအတွက်   ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ”  ကို ဖွဲ့စည်းပြီး  တောင်သူများ စိုက်ပျိုး စရိတ်ချေးငွေ       တစ်ဧကလျှင် တစ်သိန်းခွဲကျပ်နှုန်း   ရရှိရေး၊ နေကြာ   မျိုးကောင်းမျိုးသန့်ရရှိ ရေး၊  စိုက်နည်းစနစ်မှန်ကန်ရေး၊ ဈေးနှုန်းနှင့်   ဈေးကွက်   သေချာ စေရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ  တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နေကြာစိုက်ပျိုး နိုင်မည့် ဧရိယာများ  စိစစ်ကြီးကြပ် ရန် ဖြစ်ကြောင်း။

 

စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေး မည့် အစီအစဉ်အစား နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက် သည့် ပဲတီစိမ်း၊ နွေစပါးစီမံကိန်းကဲ့သို့ အစီအမံများဖြင့် ပြောင်းလဲဆောင်ရွက်နိုင်ရန်  ဒေသတွင်းရှိ သွင်းအားစုအစုအဖွဲ့များ၊  ဆီစက်လုပ်ငန်းရှင် အစုအဖွဲ့များနှင့် ကြိုတင်ညှိနှိုင်းပြီး နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု  တိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ် အပေါ် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များကလည်း   ဆောင်ရွက်လိုသည့်  အစီအစဉ်များကို ယနေ့ အစည်းအဝေးတွင် ထည့်သွင်း   ဆွေးနွေးကြစေလိုကြောင်း၊  အလားတူ ယခု ၂၀၂၃-၂၀၂၄ ခုနှစ် ရာသီတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးသီးနှံအတွက်   ဆောင်ရွက်လိုကြောင်း  အဆိုပြုတင်ပြလာမည်ဆိုပါက  မိမိတို့စိစစ်၍   သုံးသပ်ချက်နှင့်တကွ တင်ပြပြီး ခွင့်ပြုချက်   တောင်းခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်   စိုက်ပျိုးရေးဦးစီး ဌာန     ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက    နိုင်ငံ့ စီးပွား   မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်   ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံ နေကြာ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်း ဆိုင်ရာကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍   နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့်   ပြည်နယ်/ တိုင်းဒေသကြီး   အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာဒေသအလိုက်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်     ဆောင်ရွက်သည့် ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံနေကြာ    တိုးချဲ့ စိုက်ပျိုးရေးလုပ်ငန်း   ဆောင်ရွက် ချက်များနှင့်  ဆက်လက်ဆောင်ရွက်မည့်    လုပ်ငန်းရပ်များကို ဆွေးနွေးတင်ပြကြရာ   ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်   အစည်းအဝေးတက် ရောက်လာကြသူများက   ညှိနှိုင်းပေါင်းစပ် ဆွေးနွေးကြသည်။

 

နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ မှ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့များနှင့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း-ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ များသို့   မတည်ထောက်ပံ့ငွေ ထုတ်ပေးခြင်း၊        တိုက်ရိုက် ထုတ်ချေးခြင်း   စသည့်ပုံစံများဖြင့် ဆောင်ရွက်ခဲ့ရာ    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်     ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ငွေကျပ် ၂၃၀ ဘီလီယံ ရရှိခဲ့ပြီး ပဲတီစိမ်း တစ်ဧကလျှင်   ငွေကျပ် ၁၂၀ဝ၀ဝ နှုန်းဖြင့်   ဧကငါးသိန်းအတွက် ငွေကျပ် ၆၀  ဘီလီယံ၊ နွေစပါးတွင် တစ်ဧကလျှင်   နှစ်သိန်းနှုန်းဖြင့် ဧက ၈၅၀ဝ၀ဝ အတွက် ငွေကျပ် ၁၇၀     ဘီလီယံဖြင့် တောင်သူများ သို့    ငွေသားဖြင့်  ထုတ်မချေးဘဲ   ချေးငွေပမာဏနှင့်   တူညီသော သွင်းအားစုများကိုသာ ထုတ်ပေး ရန်     စီမံဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့်   ညှိနှိုင်းဆောင်ရွက် ခဲ့ရာတွင်ပဲတီစိမ်းဧက ၄၈၀ဝ၀ဝ ကျော်၊   နွေစပါးဧက ၇၈၀ဝ၀ဝ ကျော် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက်  ငွေကျပ် ၂၁၄ ဒသမ ၂ ဘီလီယံ   သုံးစွဲဆောင်ရွက်သွား မည်ဖြစ်ပြီး        တိုင်းဒေသကြီး/  ပြည်နယ်       အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုဖြင့်သွင်းအားစု  အစုအဖွဲ့များမှတစ်ဆင့်    လိုအပ် သည့်          ဓာတ်မြေဩဇာများ ထောက်ပံ့ပေးခဲ့ကြောင်း၊  ဝယ်ယူ ကြိတ်ခွဲရောင်းချသူ  အစုအဖွဲ့များ က ပြန်လည်ဝယ်ယူ၍ ပေးသွင်း နိုင်ရန်နှင့်     ဝန်ဆောင်ခအနေဖြင့် ချေးငွေ၏ တစ်ရာနှုန်းကိုပေးသွင်း ရန် သတ်မှတ်ထားပြီး သွင်းအားစု အစုအဖွဲ့များက   သုည ဒသမ ၅ ရာနှုန်းနှင့် ဝယ်ယူကြိတ်ခွဲရောင်းချ သူ   အစုအဖွဲ့များက သုည ဒသမ ၅ ရာနှုန်း   ပေးသွင်းရန်အပါအဝင် အစီအစဉ်များ ရေးဆွဲဆောင်ရွက် ခဲ့ရာ    ယနေ့ထိ   ပဲတီစိမ်း ဧက ၃၃၀ဝ၀ဝ ကျော်နှင့်   နွေစပါးဧက ၆၂၀ဝ၀ဝ ကျော် ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်