ရန်ကုန်   ဧပြီ   ၉

 

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာ လမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ    အခမ်းအနားနှင့်ပတ်သက်၍   ညှိနှိုင်းအစည်းအဝေးများ  အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး        ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့်လုပ်ငန်းများကို နောက်ထပ်အစည်းအဝေးထပ်လုပ်ရန် အချိန်မရှ ိတော့သည့်အတွက်   လုပ်ဆောင်သင့်သည့်လုပ်ငန်းများကို  အတည်ပြုဆွေးနွေးကြရန်နှင့်       အချိန်မီ ဆောင်ရွက်ပေးကြရန်    ဖြစ်ကြောင်း၊   မိမိအနေဖြင့်   မြန်မာ့ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့်နေရာသို့   ကိုယ်တိုင်သွားရောက်ကြည့်ရှု၍   လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးပြီးဖြစ်ကြောင်း၊  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ၊    Fashion Award ဆုများ ပေးအပ်ချီးမြှင့်ရာ တွင် မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ပေးရန်လိုကြောင်း ဆုများရွေးချယ်မှုကို မိမိတို့ဝန်ကြီးဌာနက စိစစ်ရွေးချယ်ခြင်းမဟုတ်ဘဲ ရုပ်ရှင်အတတ်ပညာရှင်၊ အနုပညာရှင်များကိုယ်တိုင် စိစစ်ရွေးချယ် ခြင်းဖြစ်သည်ကို  အားလုံးသိရှိစေလိုကြောင်း။

 

 မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့် ပွဲနှင့်ပတ်သက်၍ မသမာသူ အဖျက်သမားများနှင့် အကြမ်းဖက် အဖွဲ့အစည်းများက နည်းမျိုးစုံဖြင့် ဝေဖန်ပြစ်တင်နှောင့်ယှက်ဟန့်တားမှုများ  ဆောင်ရွက်နေကြ ကြောင်း၊   မိမိတို့အားလုံးသည် ရုပ်ရှင်လောက     ဖွံ့ဖြိုးတိုးတက်ရေး၊ ထူးချွန်အနုပညာရှင်များအား ဆုများ     ပေးအပ်ချီးမြှင့်ရေးကို ရိုးသားဖြူစင်သော        စေတနာ အပြည့်ဖြင့်   လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် ယခုကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ  အခမ်းအနားကြီးကို  အောင်မြင်အောင် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊    မည်သည့်အခက် အခဲများ  ကြုံတွေ့နေရသည်ဖြစ် စေ   မိမိတို့အားလုံး       စည်းလုံးညီညွတ်စွာဖြင့်    ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ  အခမ်းအနားကြီးကို    ခမ်းခမ်းနားနား    ကျင်းပသွားမည်ဖြစ်ကြောင်း   ပြောကြား သည်။

 

ယင်းနောက် တက်ရောက်လာ ကြသူများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ     ကျင်းပနိုင်ရေးအတွက်     သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို  ဆွေးနွေး တင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ်    ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား  ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင်  ပြည်ထောင်စု ဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသို့  သွားရောက်ပြီး  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင်   ပါဝင်ကူညီဆောင်ရွက်ကြမည့်      ရွှေကြို မောင်မယ် များ၏  အနုပညာစွမ်းရည်ပြသမှုကို  ကြည့်ရှုအားပေးကာ ရွှေကြိုမောင်မယ်များကို အားပေးစကား ပြောကြားရာတွင် ယခုကဲ့သို့ ရုပ်ရှင်အနုပညာလောကအတွက် မျိုးဆက်သစ် မောင်မယ်များကို ပြုစုပျိုးထောင် ပေးနိုင်သည့်အတွက် ဝမ်းမြောက်မိကြောင်း၊  ယခု ရွှေကြိုမောင်မယ်များသည်   နောင်တစ်ချိန်တွင် ပြည်သူချစ်ခင်နှစ်သက်ပြီး ထင်ရှားကျော်ကြားသည့် အနုပညာရှင်များ      ဖြစ်လာမည်ဟု ယုံကြည်ကြောင်း။

 

အနုပညာရှင်များသည်  အနု ပညာလုပ်ငန်းများတွင်သာ အာရုံ စူးစိုက် ဆောင်ရွက်ရန်လိုပြီး နိုင်ငံ တော်နှင့် ပြည်သူများ၏ အကျိုး စီးပွားကို  အလေးထားဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊   ရုပ်ရှင် အနုပညာလောက ပြန်လည်နိုးထ သက်ဝင်လာစေရေးနှင့် အနုပညာ လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊  ယနေ့အချိန်တွင်     ရုပ်ရှင်အနုပညာနယ်ပယ်၌ မျိုးဆက်သစ်မောင်မယ်များကို နေရာပေး ရိုက်ကူးတင်ဆက်မှုများ ရှိလာသည့်အတွက်    မိမိ၏အနု ပညာအစွမ်းအစကို     ကြိုးစားမြှင့်တင်ခြင်းအားဖြင့် အောင်မြင် သောအနုပညာရှင်များ  ဖြစ်ပါစေ ကြောင်း ပြောကြားပြီး နှစ်သစ်ကူးလက်ဆောင်များ   ပေးအပ်ခဲ့သည်။

သတင်းစဉ်