ရန်ကုန် ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ် (၁၀) ပင်လုံလမ်းတွင် တည် ရှိသော သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ရှစ်ထပ်ကျောင်းဆောင် သီတဂူစက္ခုဒါန အဆင့်မြင့်ဆေးရုံ ကြီးတွင် မျက်စိခွဲစိတ်ကုသပေး နေမှုများကို ဧပြီ ၈ ရက် မွန်းလွဲ ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက သွားရောက် ကြည့်ရှုအားပေး ကြသည်။
ထို့နောက် မျက်စိခွဲစိတ်ကုသ ရန် လာရောက်ကြသူများ၊ လူနာ စောင့်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကြည့်ရှု၍ လူနာ များကို အားပေးစကားပြောကြား သည်။
ယင်းနောက် မျက်စိအထူးကု ဆရာဝန်တစ်ဦးက မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် စက္ခုဒါန ဆေးရုံတွင် တပ်ဆင်ထားသည့် ခေတ်မီ စမ်းသပ်စစ်ဆေးသည့် စက်သစ်ကြီးများဖြင့် လူနာများ အား မျက်စိစမ်းသပ်စစ်ဆေးနေမှု၊ လိုအပ်ပါက ခွဲစိတ်ကုသပေးနေမှု အခြေအနေများကို လိုက်လံ ရှင်းလင်းပြသသည်။
ထိုသို့ မျက်စိခွဲစိတ်ပြီးသူများအား သီတဂူဆရာတော်ကြီးကိုယ်တိုင် နေကာမျက်မှန် တပ်ဆင်ပေးပြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက လူနာတင်ယာဉ်များဖြင့် အိမ်တိုင် ရာရောက် လိုက်လံ ပို့ဆောင်ပေးလျက်ရှိရာ ရန်ကင်း၊ ဒဂုံဆိပ်ကမ်း၊ တောင်ဥက္ကလာပ၊ မှော်ဘီမြို့နယ် တို့ အပါအဝင် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ မျက်စိ ဝေဒနာရှင်များ လာရောက်ပြသ လျက်ရှိသည်။
မျက်စိခွဲစိတ်မှုကို ရန်ကုန်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ဇွန်လတွင် ဒုတိယအကြိမ် ထပ်မံ၍ ယခုလို အခမဲ့ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် ယခု ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၇ ရက်မှ ၉ ရက်အထိ ပြင်ပလူနာ အဖြစ် စမ်းသပ်စစ်ဆေး၍ ဆေးပေးကုသသည့် လူနာပေါင်း ၁၂၃၇ ဦးရှိပြီး ခွဲစိတ်ပေးရမည့် လူနာ ၃၂၉ ဦးရှိကာ ခွဲစိတ်ပေး ပြီးသည့်လူနာ ၉၉ ဦး ရှိပြီဖြစ် ကြောင်းနှင့် ဆက်လက်၍ ခွဲစိတ် ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)