ရန်ကုန် ဧပြီ ၁၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ နိုင်ငံ၏ ခရီးသွားကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် ခရီးစဉ်တစ်ခုအဖြစ် ရောက်ရှိ လာသော ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ (၄) နာရီခွဲတွင် ရန်ကုန်မြို့သို့ရောက်ရှိလာရာ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူ များသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့နှင့် တာဝန်ရှိ သူများသည် ရွှေတိဂုံ စေတီတော်မြတ်ကို သွားရောက်ဖူးမြော်ပြီး ၁၉ လမ်းရှိ ရန်ကုန် မြို့ပြ စားသောက်ဆိုင်များကို ကြည့်ရှုလေ့လာကြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်