ရန်ကုန်၊ ဧပြီ ၁၃
ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)၊ ရခိုင်မြို့နယ်အသင်းများနှင့် ရခိုင်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကျင်းပသည့် ရခိုင်ရိုးရာသင်္ကြန် နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပါယ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည် လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်၊၊
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ရွှေပြည်သာ ရခိုင်ရိုးရာစည်တော်အဖွဲ့က ရခိုင်စည်တော်တီးခတ်၍ ဦးထွန်းဝင်းက သင်္ကြန်ရတုကို သီဆိုကျုးရင့်သည်၊၊
ယင်းနောက်ရခိုင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) နာယက ဒေါက်တာ အေးချမ်းက အဖွင့်အမှာစကား ပြောကြားပြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကား ပြောကြားသည်၊၊
ထို့နောက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)၊ ရခိုင်မြို့နယ်အသင်းများနှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များက အမွှေးနံ့သာရည်ဖြင့် ဘုရားများအား ရေသပ္ပါယ်ကြသည်၊၊
ယင်းနောက် ရွှေပြည်သာရခိုင်ရိုးရာ ယဉ်ကျေးမှု ယိမ်းအဖွဲ့နှင့် ရခိုင်တန်ဆောင် အမျိုးသမီးများအဖွဲ့က ပျို့အလှနှင့် ခါသင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြကာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဋ္ဌ ဦးသန်းမောင်က ကျေးဇူးတင်စကား ပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်၊၊
သတင်း၊ဓာတ်ပုံ-ကိုကိုဇော်(MNA)
