နေပြည်တော်၊ ဧပြီ ၁၃
၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး အခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင် သင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်ရန် နေပြည်တော်၌ စည်ကားသိုက်မြိုက် စွာ ကျင်းပလျက်ရှိသည်။
ယနေ့တွင် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များနှင့် ဝန်ကြီး ဌာနများ၊ ခရိုင်/ မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။
နေပြည်တော်တခွင်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြိုနေ့ဖြစ်သော်လည်း ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြ သူများ၊ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက် အပန်းဖြေကြသူများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မဏ္ဍပ်ငယ်များ ဆောက် လုပ်၍ မိသားစုအလိုက် ရေပက်ကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုဇယဓာတ်ပေါင်းစု စေတီတော်၊ လှေခွင်းတောင်ဘုရား၊ အခြားတန်ခိုးကြီး ဘုရားများနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် တရားဘာဝနာ ပွားများအားထုတ်ကြသူများ၊ ဥပုသ်သီလ ဆောက်တည် ကြသူများ၊ တရားစခန်းများတွင် တရားဘာဝနာ ရှုမှတ်ပွားများကြသူများ၊ ရေသပ္ပာယ် ကြသူများဖြင့် စည်ကားခဲ့ကြောင်း တွေ့ရသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မဟာသင်္ကြန်ရေကစား မဏ္ဍပ်တွင်လည်း နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများဖြင့် လာရောက် ဖျော်ဖြေခဲ့ကြသည့်အပြင် သင်္ကြန်ယိမ်းအဖွဲ့များကလည်း ညီညာလှပသည့် ယိမ်းအက အလှများဖြင့် ပါဝင်ဖြည့်စွက် ဖျော်ဖြေခဲ့ကြသည့်အတွက် ရေပက်ခံကားများနှင့် ရေကစား ကြသည့်ပြည်သူများဖြင့် စည်ကားခဲ့သည်။
ထို့အတူ နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင်လည်း သင်္ကြန်ချစ်သူများ၊ လာရောက်ရေပက်ခံသူများ၊ ရေကစားကြသူများဖြင့် စည်ကားခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း အထင်ကရနေရာများဖြစ်သော ဇေယျာသီရိ မြို့နယ် ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ လှေခွင်းတောင်ကမ်းခြေ အပန်းဖြေစခန်း၊ ကျည်တောင်ရေဆိပ်၊ ပျဉ်းမနားမြို့နယ်ရှိ အဝေရာကမ်းခြေ အပန်းဖြေစခန်း၊ ရေပန်း ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် မင်္ဂလာကန်တော်တို့တွင်လည်း လာ ရောက်အပန်းဖြေ အနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန်နှင့် အပန်းဖြေကမ်းခြေစခန်းများ၌ ပြည်သူများ စိတ်အေး ချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသည့်အပြင် အပန်းဖြေအနားယူနေကြစဉ်အတွင်း အန္တရာယ်မရှိစေရေး အတွက် သတိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ် နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကို ရရှိစေရန်၊ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင် လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်းဖြစ် သည်နှင့်အညီ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်အတာရေဖြင့် တစ်ဉီးကို တစ်ဉီး ကြည်နူးသိမ့်မွေ့စွာ ပက်ဖျန်းဆေးကြော ပျော်ရွှင်စွာ ရေကစားကြသည့် ရိုးရာယဉ် ကျေးမှုပွဲတော်တစ်ခုလည်းဖြစ်သည်။
သတင်း/ လုလင်ငယ်
ဓာတ်ပုံ / ကိုကြီးကျော်