နေပြည်တော် ဧပြီ ၁၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင် ကျေးရွာရှိ ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ခွန်ထွန်းလှိုင် မောင်းနှင်ပြီး မောင်ဗုတ် လိုက်ပါလာသည့် NISSAN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ်သိန်း ၁,၆၅၀ တန်ဖိုးရှိ ဘိန်းဖြူ ၆ ဒသမ ၆ ကီလို ကိုလည်ကောင်း၊ ဧပြီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စက်မှုဇုန် (၁) ရပ်ကွက်၊ (၁၃)လမ်းတွင် တိုးတိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီခွဲတွင် ၎င်းနေထိုင်သည့် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ နေအိမ်သို့ သွားရောက် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ဘလောက်တုံး ၁ ဒသမ ၄ ကီလို စုစုပေါင်း ငွေကျပ်သိန်း ၁,၂၁၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထပ်မံသိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား