နေပြည်တော် ဧပြီ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ငွေကျပ်သိန်း ၆,၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၁ ရက် နံနက် ၁၁ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အဝေးပြေးကားဝင်းတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ရန်ကုန်မှ မော်လမြိုင်သို့ ဆိုက်ရောက်လာသည့် ခရီးသည်တင် မော်တော်ယာဉ် ပေါ်တွင် လိုက်ပါလာသည့်ခရီးသည် မမူမူနိုင် သယ်ဆောင်လာသော ဆာလာအိတ်များ အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၆,၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၀,၀၀၀ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ကားဝင်းအတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြားများ သယ် ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ စောလင်းချစ် ကို မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မွန်ပြည်နယ်သို့ သယ်ဆောင်ပြီး မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရသ ဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်