နေပြည်တော် ဧပြီ ၁၄
ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ နေပြည်တော်ဘူတာကြီးဝန်းအတွင်းရှိ မြန်မာ့ရိုးရာ အတာ သင်္ကြန်ရေကစားမဏ္ဍပ်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲ များနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် နေပြည်တော်နယ်မြေ အတွင်းရှိ ပြည်သူများလာရောက်၍ ယဉ်ကျေးပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိပြီး ကျန်းမာရေး ဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန များမှယိမ်း အဖွဲ့များနှင့်အနုပညာရှင်များက ဖျော်ဖြေခဲ့ကြကြောင်းနှင့် ရေကစားမဏ္ဍပ် အား နေ့စဉ် နံနက် ၈ နာရီခွဲမှ ၁၁ နာရီခွဲအထိနှင့် မွန်းလွဲ ၃ နာရီ မှ ညနေ ၆ နာရီခွဲအထိ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
သတင်းစဉ်