နေပြည်တော် ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေသဘင်ပွဲ တော်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ရိုးရာအစဉ်အလာမပျက် မြန်မာနှစ်သစ်တွင် စိတ်ခွန်အားသစ်များ ရရှိစေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင် စွာဖြင့် ရေကစားနိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန် အတာရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ အကြိုနေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ အကျနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော် ရုံးအမှတ် (၄၂) ဝန်ကြီး ဌာန ရေကစားမဏ္ဍပ်၌ ပျော်ပွဲရွှင်ပွဲများနှင့် စတုဒီသာ ကျွေးမွေးဧည့်ခံခြင်း အစီ အစဉ်များကို ဆက်လက်ကျင်းပသည်။
အဆိုပါ မဟာသင်္ကြန် အတာရေသဘင် ပွဲတော် အကျနေ့တွင် အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာ ကျော်ထွန်း၊ ဒေါက်တာ အောင်ကျော်မင်း၊ ဦးခွန်စံလွင်၊ ဦးရွှေကြိမ်း နှင့် ဦးရန်ကျော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး နှင့် ဝန်ထမ်း မိသားစုများ တက်ရောက်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ ပျော်ပွဲရွှင်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများအား နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဆောင်၍ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ယိမ်း အဖွဲ့များက လှိုက်လှိုက်လဲလဲ ဝမ်းပန်းတသာ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများသည် ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ နှင့် ယိမ်းအကအဖွဲ့များအား အမွှေးနံ့သာရေများပက်ဖြန်း၍ အတူတကွ ပျော်ရွှင်စွာ ရေကစားကြပြီး ဝန်ထမ်းမိသားစုများနှင့် အနုပညာရှင်များ၏ အလှအပများဖြင့် ကပြ သီဆို ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ယင်းနောက် ဝန်ထမ်းမိသားစုများ၏ နိဗ္ဗာန်ဈေး (စတုဒိသာ) ကျွေးမွေး ဧည့်ခံနေမှုများကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများနှင့် အတူတကွ သုံးဆောင်ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနေဖြင့် ဧပြီ ၁၃ ရက် အကြိုနေ့ မှ စတင်၍ ဧပြီ ၁၆ ရက် အတက်နေ့အထိ ဝန်ကြီးဌာန မဏ္ဍပ်၌ အဆို၊ အက များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါနေ့ရက်များတွင် ဝန်ကြီးရုံး၊ ဦးစီးဌာနများမှ စတုဒိသာများကို အမယ်စုံလင်စွာဖြင့် ကျွေးမွေးဧည့်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်