ချောင်းဆုံ       ဧပြီ    ၁၅

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီး၌ မဟာသင်္ကြန်ကာလအတွင်း စတုဒိသာ ကျွေးမွေးသူများ ရေကစားသူများနှင့် စည်ကားလျက်ရှိရာ ယနေ့ သင်္ကြန်အတက်နေ့ နံနက်တွင်လည်း စတုဒိသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် စတုဒီသာကျွေးမွေးသူများ ရေကစားသူများနှင့် စည်ကားလျက်ရှိသည်။

ချောင်းဆုံမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်၌ ရိုးရာအစားအစာများဖြစ်သည့် သင်္ကြန်ထမင်း၊ အုန်းနို့ ခေါက်ဆွဲ၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ အချိုရည်အအေးများ စသည့်တို့ကို ကျွေးမွေးလှူဒါန်းခြင်းအပြင် ရိုးရာအစဉ်အလာမပျက် သက်ကြီးပူဇော်ပွဲများ ကျင်းပခြင်း၊ ဘုရားကျောင်းကန် များတွင် ဥပုသ်သီလယူ သူများ၊ ရေကစားမဏ္ဍပ်တွင် ရေကစားသူများ အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်းများ ဆင်နွှဲကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)