ပေါင် ဧပြီ ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာအသီးသီး၌မဟာသင်္ကြန်ကာလအတွင်း စတုဒီသာ ကျွေးမွေးသူများ ရေကစားသူများနှင့် စည်ကားလျက်ရှိရာ ယနေ့နံနက်တွင်လည်း စတုဒီသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များတွင် စတုဒီသာကျွေးမွေးသူများ ရေကစားသူများနှင့် စည်ကားလျက်ရှိသည်။

ပေါင်ဆုံမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်၌ ရိုးရာအစားအစာများကိုယခုကဲ့သို့ စတုဒီသာ ကျွေးမွေး လှူဒါန်းရာတွင် သင်္ကြန်ထမင်း၊ အုန်းနို့ခေါက်ဆွဲ၊ ရွှေရင်အေး၊ မုန့်လုံးရေပေါ်၊ အချိုရည်အအေးများစသည့် အစားအစာတို့ကို ကျွေးမွေးလှူဒါန်းခြင်းအပြင် ရိုးရာအစဉ်အလာမပျက် သက်ကြီးပူဇော်ပွဲများကျင်းပခြင်း၊ ဘုရားကျောင်းကန် များတွင်ဥပုဒ်သီလယူသူများ၊ ရေကစားမဏ္ဍပ်တွင်ရေကစားသူများနှင့် အေးချမ်း ပျော်ရွှင်စွာ ရေကစားခြင်း များဆင်နွှဲခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)