ဟင်္သာတ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဟင်္သာတခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ဟင်္သာတမြို့၊ ပခန်းရပ်ကွက်ဧရာဝတီမြစ်၊ ကမ်းနားကြီးသင်္ဘောဆိပ်ကမ်းတွင် ဧပြီ ၁၇ ရက် နံနက် ၆ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဇနီး၊ အဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီးနေလင်းအောင်နှင့်ဇနီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများ၊ ဟင်္သာတငါးသားပေါက်စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်းနှင့် ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၅၀၀၀၀) အား ဇီဝိတဒါန ကုသိုလ်ပြု လွှတ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်-ဟင်္သာတ