ငပလီ ဧပြီ ၁၇

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌ သင်္ကြန်ပွဲတော်ပြီးဆုံသော်လည်း ငပလီကမ်းခြေတွင် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဆက်လက် အနားယူလျက်ရှိကြောင်း သိရသည်။

 

ငပလီကမ်းခြေတွင် ပြည်တွင်းပြည်ပခရီးသွားများဖြင့် အထူးစည်ကားလျက်ရှိပြီး ကမ်းခြေရှိ ဟိုတယ်နှင့်တည်းခိုခန်းအများစုမှာလည်း သင်္ကြန်ကာလမှစ၍ ယနေ့ချိန်ထိ အခန်းများပြည့်နေသေးသည်ဟု ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

“ ဟိုတယ်အကုန်လုံးက ဧည့်သည်တွေပြည့်နေပြီ။ တည်းခိုခန်း၊ လုံချင်းအိမ်များတွင် ယခုချိန်ထိ ခရီးသည်များမှာ ဆက်လက်အနားယူ အပန်းဖြေလျက်ရှိနေသေးသည်ဟု ၎င်းကဆိုသည်။

 

လက်ရှိတွင် လာရောက်လည်ပတ်ကြသူအများစုမှာ ပြည်တွင်းခရီးသွားများဖြစ်ကြောင်း၊ ဧည့်သည်ဝင်ရောက်မှုများသဖြင့် ငပလီကမ်းခြေတွင် အထူးစည်ကားလျက်ရှိပြီး ကမ်းခြေတွင် ဈေးရောင်းသူများလည်း အဆင်ပြေကြောင်း ငပလီအမှတ်တရပစ္စည်းများ ရောင်းချသူဒေသခံတစ်ဦးက ပြောသည်။

 

ယခုနှစ်တွင် ငပလီမြို့တွင် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်အနားယူကြသည့် ဧည့်သည်များ ဆက်လက်အနားယူအပန်းဖြေ လျက်ရှိကြောင်း သိရသည်။

 

မြင့်မြင့်အေး(ငပလီပြန်/ဆက်)