နေပြည်တော်၊ ဧပြီ ၁၇

 

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် (သင်္ကြန်အကြတ်နေ့ ) နံနက်ပိုင်းတွင် လွိုင်ကော်မြို့ နောင်ယား (ခ) ရပ်ကွက်ရှိ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌  မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ် KNPP အဖွဲ့၊ လွိုင်ကော်  PDF နှင့်  Falcon Wings အမည်ခံ အကြမ်းဖက်အဖွဲ့များက Drop Bomb ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအနက် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးမှ အမှတ် (၂) တပ်မတော် ဆေးရုံ (ကုတင်-၁၀၀၀) နေပြည်တော်သို့  လွှဲပြောင်းပို့ဆောင်၍ ဆေးကုသခံယူလျှက်ရှိသည်။

        

အဆိုပါဆေးကုသခံသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စေတနာရှင်များက ယနေ့နံနက်ပိုင်းတွင် အမှတ်(၂) တပ်မတော် ဆေးရုံ (ကုတင်-၁၀၀၀) နေပြည်တော်သို့ သွားရောက်၍ ထိခိုက်ဒဏ်ရာရရှိထားသော ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ များကို တစ်ဦးခြင်းတွ့ဆုံအားပေးစကားများ ပြောကြားကာ ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်