နေပြည်တော်၊ ဧပြီ ၁၇
ဥပဒေရေးရာဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းမိသားစုများ၏ မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူသည့် အခမ်းအနားကိုယနေ့ ညနေ ၃ နာရီတွင် ရုံးရှေပရဝုဏ်၍ ကျင်းပရာ ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပင့်သံဃာတော် အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ် တရားတော်များ ဆက်လက်ချီးမြှင့်ပြီး ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈယ်ကြသည်။
ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်တို့အား ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဖွယ်ဝတ္ထု၊ ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်