တိုကျို၊ ဧပြီ ၁၈
ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့အကြား လုံခြုံရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ရေးဆွေးနွေးခဲ့ရာ သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများက သဘောတူညီခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ငါးနှစ်ကြာကာလအတွင်း ပထမဆုံးဆွေးနွေးပွဲကို ဆိုးလ်မြို့၌ပြန်လည် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲအတွင်းမြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်ခြင်းကိစ္စရပ်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထို့ပြင် အနာဂတ်ကာလတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် နှစ်ဖက်တာဝန်ရှိသူများအကြား သဘော တူညီခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောကြား သည်။
မတ်လအတွင်းက ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနှင့် တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုးတို့တွေ့ဆုံ ဆွေးနွေးခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်အတွက် သဘောတူညီခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ