လာဆာ၊ ဧပြီ ၁၈
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ယခုနှစ် ပထမသုံးလပတ် ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း ၂ ဒသမ ၅၅ သန်းကျော် ဝင်ရောက်ခဲ့ကြောင်းနှင့် ခရီးသွားဝင်ငွေ ယွမ်နှစ်ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၂၉၁ သန်း) ရရှိခဲ့ကြောင်း ဒေသတွင်း ခရီးသွားလုပ်ငန်းဌာနက ဧပြီ ၁၇ ရက် တွင် ပြောကြားသည်။
တရုတ်နိုင်ငံ တိဘက်ဒေသသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားအရေ အတွက်သည် နှစ်စဉ် ၃၉ ဒသမ ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်မှုရှိခဲ့ကြောင်းနှင့် ခရီးသွားလုပ်ငန်း ဝင်ငွေသည်လည်း ၄၂ ဒသမ ၈၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာန အကြီးအကဲ ဝမ်ရှောင်တုံက ပြောကြားသည်။
တိဘက်ဒေသသည် ၂၀၂၃ ခုနှစ်အတွင်း ကျေးလက်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကိုမြှင့်တင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိဘက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေဖြင့် ယခုနှစ်အတွင်း ခရီးသွား ၃၉ သန်းဝင်ရောက်ရန် ရည်ရွယ်ထားပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ယွမ် ၅၁ ဘီလီယံရရှိရန် မျှော်လင့်ထား ကြောင်း ဝမ်ရှောင်တုံက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်