ဧပြီ ၁၈

 

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ယမန်နေ့ညပိုင်းက အထပ်သုံးထပ်ရှိဆန်စက်အဆောက်အဦ ပြိုကျမှုကြောင့် လေးဦး ထက်မနည်းသေဆုံးပြီး လူ ၂၀ နီးပါးဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါဆန်စက်ပြိုကျမှုတွင် ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ထိုဆန်စက်အတွင်း အိပ်ပျော်နေသူများဖြစ်ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက သတင်းထောက်များအား ဖုန်းဖြင့်အတည်ပြုပြောကြားခဲ့သည်။

 

ထိုမတော်တဆမှုသည် နိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ် ကာနယ်ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ကယ်ဆယ်ရေးအဖွဲ့က ပြိုကျအပျက်အစီးများအောက်တွင် ပိတ်မိနေသော အလုပ်သမားများအား ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။

 

ယခုချိန်အထိ လူပေါင်း ၁၀၀ ကျော်ကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဒေသခံရဲတပ်ဖွဲ့က ထိုဆန်စက်ပိုင်ရှင်အား စစ်ဆေးမေးမြန်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို