ဧပြီ ၁၈

 

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း အိုအီတာစီရင်စု၌ ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်လေယာဉ်ငယ်တစ်စင်း လေ့ကျင့်ပျံသန်း နေစဉ်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းမီဒီယာက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါလေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါ လေယာဉ်မှူးနှင့် သင်တန်းသားတစ်ဦးတို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။ ဒဏ်ရာရရှိသူနှစ်ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု ဒေသတွင်းမီးသတ်ဌာန၏ပြောကြားချက်အရ သိရသည်။

 

ထိုလေယာဉ်သည် မနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ကီတာကျူချူလေဆိပ်မှပျံသန်းထွက်ခွာခဲ့ပြီး မနက် ၁၀ နာရီအချိန်တွင် ယင်းစီရင်စုရှိ လယ်ကွင်းတစ်ခုထဲသို့ ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

 

လယ်ကွင်းထဲသို့ပျက်ကျခဲ့သော ထိုအင်ဂျင်တစ်လုံးတပ်လေယာဉ်၏ လေယာဉ်တောင်ပံများ၊ အမြီးပိုင်းနှင့် လေယာဉ်ဘီးအုံတို့မှာ အကောင်းပကတိအတိုင်းရှိနေသည်ကို ရုပ်သံဖိုင်တွင် တွေ့မြင်ရသည်။

 

ထိုလေယာဉ်ပျက်ကျသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို