ရန်ကုန် ဧပြီ ၁၈

မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့သွားရောက်၍  ကဆုန်လပြည့်ဗုဒ္ဓနေ့ ဂိုဏ်းပေါင်းစုံ သံဃာ တော်အပါး (၁၁၁၁၁) ပါးတို့ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲအခမ်းအနား ကျင်းပရေးအတွက် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူရာတွင် သံဃာတော်များလိုက်ပါမည့်  ယာဉ်များအတွက် ယာဉ်ဆင်းရပ်၊ ယာဉ်များ စောင့်ဆိုင်းမည့်လမ်းကြောင်း၊ သံဃာတော်များ နားနေရန်နေရာနှင့် ကြွချီမည့်လမ်းကြောင်း၊ ယာဉ်တက်ရပ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်ချက်တို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။    

အလားတူ စွာမြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ ပြည်လမ်း အင်းလျားကန်ပေါင်သို့ သွားရောက်၍ အများပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နေမှု ၊ အင်းလျားကန်းပေါင်ဘေး ရေမြောင်းနှင့် ကမာရွတ်ချောင်း ရေစီးရေလာကောင်းမွန် ရေးအတွက် လူအင်အား၊ ယန္တရားအင်အားများဖြင့် ချောင်းအတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး ရေဆင်းဖြတ်မြောင်းများ ရှင်းလင်းရန်နှင့် ကန်ပေါင်ရှိမြက်နှင့် အလှစိုက်ပန်းပင်များ ဖြတ်ညှိရန် မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည်  အင်းစိန်မြို့နယ်၊ ပြည်လမ်းနှင့် ဇင်ဇီယာလမ်းထောင့်ရှိ အောင်သိဒ္ဓိချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းအတွင်းမှ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြား တော်ဝင်လမ်းဖြတ် အောင်သိဒ္ဓိချောင်းကူးတံတား တည်ဆောက်ပြီးစီးမှု၊  အောင်သိဒ္ဓိချောင်း ရေစီးရေလာကောင်း မွန်ရေး ဆောင်ရွက်ထားရှိမှု၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းဘေး မြေယာရှုခင်းဆောင် ရွက် ထားရှိမှု၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်မြို့နယ်အကြား မင်းဓမ္မလမ်းပေါ်ရှိ သမိုင်းချောင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ချောင်းကမ်းဝဲ/ယာ တိုးချဲ့နေမှုနှင့် ချောင်းအတွင်းမှ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်