ဟားခါး ဧပြီ ၁၉

 

ဟားခါးမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဇေယျာဦး ဦးဆောင်သည့်အဖွဲ့မှ ဦးနှောက်အတွင်း အကျိတ်တည်သည့် အသက်(၂၉)နှစ်ရှိ အမျိုးသားလူနာတစ်ဦးကို ဧပြီ ၃ ရက်တွင် ခွဲစိတ်ခဲ့ရာ ခွဲစိတ်မှုအောင်မြင်ခဲ့သည့်အတွက် ဟားခါးမြို့ ပြည်သူ့ဆေးရုံ၌ ပထမဆုံးအကြိမ် ဦးနှောက်အတွင်း အကျိတ်တည်ခြင်းကို ခွဲစိတ်အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဦးနှောက်အတွင်း အကျိတ်တည်သည့် လူနာအား ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် အဖွဲ့မှ ဧပြီ ၃ ရက် နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ၄ နာရီကြာ ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

၎င်းလူနာသည် ယခုအခါ ကျန်းမာရေးကောင်းမွန်လျက်ရှိကာ မကြာမီ ဆေးရုံမှ ဆင်းနိုင်မည်ဖြစ်ကြောင်းနှင့် ၎င်းသည် ထန်တလန်မြို့နယ်မှ လာရောက်ဆေးကုသခြင်းဖြစ်ကြောင်း သိရသည်။

 

ဆလိုင်း(ဇလပ်မြေ)