ကန့်ဘလူ ဧပြီ ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို ဧပြီ ၁၉ ရက် နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမများ၊ သူနာပြုများ၊ ဘက်စုံသားဖွားဆရာမများက လာရောက်ပြသသူ ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးစစ်ဆေးပေးခြင်း၊ သွေးတိုး၊ ဆီးချို၊ အကိုက်အခဲပျောက်ဆေးများကို ရောဂါဝေဒနာရှင်များအလိုက် တစ်လစာပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို လစဉ် လလယ်ရက်များ၌ ဆောင်ရွက်ပေးလျက်ရှိပြီး လာရောက်ပြသသူ ၇၀ ခန့်ရှိကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

 

အောင်ဝင်းငြိမ်း (ကန့်ဘလူ)