နေပြည်တော်   ဧပြီ    ၁၉

 

နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည်   တာဝန်ပြီးဆုံး၍  မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့်    မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ    သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်ခမ် ချောင်ဒရီ အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးမြှင့်တင် ရေး၊ နှစ်နိုင်ငံ အကျိုးတူကဏ္ဍများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

သတင်းစဉ်