ဧပြီ ၂၀
ဂျပန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၀၉၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၂၂ ဦး ထပ်မံသေဆုံးခဲ့သည်။
ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၅၁၄ ဦးသည် မြို့တော်တိုကျိုမှဖြစ်သည်ဟု သိရသည်။ လွန်ခဲ့သောသီတင်းပတ်ကထက် ကူးစက်မှုအရေအတွက် ၁၈၀ မြင့်တက်လာသည်။
မြို့တော်တွင် ယင်းရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားသူ ခုနစ်ဦးရှိကြောင်းနှင့် နှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို