ဧပြီ ၂၀
တရုတ်- လာအို ရထားခရီးစဉ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ကစတင်ပြေးဆွဲခဲ့ရာ ရက်ပေါင်း ၅၀၀ ကျော်အတွင်း ခရီးသည် ၁၄ ဒသမ ၄၃ သန်းရှိခဲ့သည်ဟု ယမန်နေ့က သတင်းဖော်ပြထားသည်။
တရုတ်- လာအိုရထားလမ်းသည် ယခုနှစ် ဧပြီ ၁၈ ရက်နေ့တွင် ရက်ပေါင်း ၅၀၂ ရက်ကြာမြင့်ပြီဖြစ်သည်။ ထိုကာလအတွင်း ရထားဖြင့် ကုန်ပစ္စည်းတန်ချိန်စုစုပေါင်း ၁၈ ဒသမ ၈၄ သန်း သယ်ယူပို့ဆောင်ခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံမှလာအိုနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အဓိကအားဖြင့် စက်ယန္တရားနှင့် ကိရိယာများ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းများ၊ အိမ်သုံးပစ္စည်းများနှင့် စက်ပိုင်းဆိုင်ရာအစိတ်အပိုင်းများကို ပို့ဆောင်ခဲ့သည်။
လာအိုနိုင်ငံမှတရုတ်နိုင်ငံသို့ တင်ပို့သောကုန်ပစ္စည်းများတွင် အဓိကအားဖြင့် သတ္တုရိုင်းများနှင့် ပီလောပီနံများပါဝင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို