ရန်ကုန် ဧပြီ ၂၄

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီသည် ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အချိန် ရေကြီးရေလျှံမှုမဖြစ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေ‌ရေးအတွက် တောင်ဥက္ကလာပမြို့နယ်၊ ၄ ရပ်ကွက်၊ ဝေဇယန္တာလမ်း အရှေ့ဘက်အခြမ်း၊ ဗြဟ္မစိုရ်လမ်းနှင့် ပါရမီလမ်းအကြား ရေမြောင်းအတွင်း အမှိုက်၊ နုန်း၊ သဲ၊ ခဲများ ဆယ်ယူနေမှု၊ လမ်းလယ်ကျွန်း မြက်များဖြတ်ညှိနေမှု၊ သစ်ပင်အောက်တက်များ၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းနေမှုကို ကြည့်ရှုစစ်‌ဆေးပြီး လမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေးဆောင်ရွက်ရန်  မှာကြားသည်။ 

 

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၉၂ ရပ်ကွက်၊ ပဲခူးမြစ်လမ်း၊ မြို့နယ်ခန်းမရှေ့ ပဲခူးမြစ်လမ်းရေမြောင်းအတွင်းနှင့် ၉၈ ရပ်ကွက်၊ ဆင်ခြေရာချောင်းအတွင်း  ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

 

ဆက်လက်၍ သင်္ဃန်းကျွန်းမြို့နယ်၊ ၂၃ ရပ်ကွက် ဝေဇယန္တာလမ်းနှင့် သစ်ရာပင်လမ်းထောင့်ရှိ အုတ်ရေမြောင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် အုတ်ရေမြောင်းနှင့် ကားလမ်းအကြား ရေစုကန်တူးရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

သတင်းစဉ်