ဧပြီ ၂၅

 

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အနောက်ဆုမတ်တြားပြည်နယ်တွင် ယနေ့မနက်ပိုင်းက ပြင်းအား ၇ ဒသမ ၃ ပမာဏငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း  မိုးလေဝသ၊ ရာသီဥတုနှင့်ဘူမိရူပဗေဒဆိုင်ရာ အေဂျင်စီက ပြောကြားသည်။ ဆူနာမီသတိပေးချက်ထုတ်ပြန်ထားသည်ဟု ၎င်းအေဂျင်စီကဆိုသည်။

 

အဆိုပါငလျင်သည် ယနေ့မနက် ၃ နာရီက လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ဗဟိုချက် မန်တာဝီကျွန်းအနောက်မြောက်ဘက် ၁၇၇ ကီလိုမီတာ၊ ပင်လယ်ကြမ်းပြင်အောက် အနက် ၈၄ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့သည်။

 

နောက်ဆက်တွဲငလျင်ငယ်များလှုပ်ခတ်နိုင်သဖြင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ထားသည်ဟု ထိုအေဂျင်စီက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို