နေပြည်တော် ဧပြီ ၂၅
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 7 KW အခု(၅၀) ၊ 11 KWအခု (၅၀) ၊ 22 KWအခု (၅၀) ၊ 60 KWအခု (၂၀) နှင့် 240 KW (၅) ခု စုစုပေါင်း လျှပ်စစ်သုံးယာဉ် အားသွင်းစက် (၁၇၅) ခုသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ လာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောင်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
သတင်းစဉ်