ဧပြီ ၂၆
တောင်ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း မွေးဖွားနှုန်းကျဆင်းလာသည်မှာ ၈၇ လဆက်တိုက်ရှိပြီဖြစ်ကြောင်း စာရင်းအင်းရုံးဖော်ပြသောအချက်အလက်အရ သိရသည်။
ယခုနှစ်အစောပိုင်းက ၃ ဒသမ ၇ ရာခိုင်နှုန်းလျော့ကျလာပြီး ကလေးမွေးဖွားမှုအရေအတွက် ၁၉၉၃၉ ရှိကြောင်း ကိုရီးယားစာရင်းအင်းက ဖော်ပြထားသည်။ ၁၉၈၁ ခုနှစ်က စတင်ကာပြုစုခဲ့သော အချက်အလက်အရ ဖေဖော်ဝါရီလတွင် ကိန်းဂဏန်းအနည်းဆုံးဖြစ်သည်။
အိမ်ရာဈေးနှုန်းများမြင့်မားခြင်းနှင့် ပညာရေးကုန်ကျစရိတ်များမြင့်မားခြင်းတို့ကဲ့သို့သော စီးပွားရေးအခက်အခဲများကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ကလေးမွေးဖွားနှုန်းကျဆင်းလာသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေးအစီအမံများရုပ်သိမ်းခဲ့သည့် ဖေဖော်ဝါရီလတွင် လက်ထပ်မှုနှုန်း ၁၆ ဒသမ ၆ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။
ထိုလအတွင်း ကွာရှင်းမှုနှုန်း ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ကွာရှင်းမှုအရေအတွက် ၇၂၂၈ ရှိသည်ဟု သိရသည်။
ကိုဗစ်ရောဂါကူးစက်မှုလျော့ကျလာခြင်းကြောင့် သေဆုံးမှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်း၊ သေဆုံးမှုအရေအတွက် ၂၇၃၉၀ လျော့ကျလာသည်။
တောင်ကိုရီးယားနိုင်ငံတွင် သေဆုံးမှုမြင့်တက်ပြီး မွေးဖွားမှုကျဆင်းခြင်းတို့ကြောင့် နိုင်ငံ့လူဦးရေသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာမှစတင်ကာ လပေါင်း ၄၀ ကြာ လျော့နည်းလာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို