တပ်ကုန်း ဧပြီ ၂၆

နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွှေမြို့ဘူတာမှ နေပြည်တော်ဘူတာကြီးဘက်သို့ ထွက်ခွာလာသည့် တွဲဆိုင်း ၃၂ တွဲပါ ကုန်ရထားတစ်စီးသည် ယနေ့ နံနက် ၁၀ နာရီက မန္တလေး-ရန်ကုန် မီးရထားလမ်းပိုင်း မိုင်တိုင်အမှတ် ၂၄၆ အရောက်တွင် လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးရထားသည် သကြားနှင့် ပြောင်းကုန်ပစ္စည်းများ တင်ဆောင်လာပြီး ကုန်ရထားတွဲချော်မှုကြောင့် အစုန်/အဆန် ရထားလမ်း ပိတ်ဆို့မှုအနည်းငယ်ဖြစ်ခဲ့ကြောင်း၊ အဆန်တွဲ ရှောင်လမ်းမှတစ်ဆင့် အစုန်/အဆန်ရထားများ သွားလာရကြောင်းနှင့် တာဝန်ရှိသူများက ပြန်လည်ပြုပြင်၍ မီးရထားဆက်လက် ထွက်ခွာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ရထားနှင့် မီးရထားလမ်းပျက်စီးမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်၍ လူထိခိုက်မှုမရှိကြောင်း သိရသည်။

တင်စိုးလွင်