နေပြည်တော်၊ ဧပြီ ၂၆

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အမှတ်(၇၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ထားဝယ်)မှ ဒုရဲအုပ်ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့ အတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့၊ မြောကင်းလမ်း၊ မြောင်းပုလဲရပ်ကွက်၊ အထက(၆)ကျောင်း အနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Honda Insight မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ၅,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဧပြီ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန် အဖွဲ့များက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်း သွင်းကုန်လိုင်စင် တင်ပြနိုင် ခြင်းမရှိသည့် Injector Assy (၄)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၇၄,၀၀၀)ကို လည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် (၁)စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင် လာသည့် Iron Sheet (၂၅၀၀)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၇၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso Tructor Head မော်တော် ယာဉ်(၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ် (၁)စီးအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Mac Book Battery အလုံး (၈၀) (ခန့်မှန်းတန်ဖိုး ၄,၀၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော Yutong Bus မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၅,၇၄၄,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

အလားတူ ဧပြီ ၂၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင် ကုန်စည်တားဆီးထိန်းချုပ်ရေးအဖွဲ့မှ မူဆယ်မြို့၊ ဆင်ဖြူ
စစ်ဆေးရေးဂိတ်အကျော် လမ်းဘေးတစ်နေရာတွင် စုပုံထားသော တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်း များအား မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ‌ပို့ဆောင်၍ အသေးစိတ် စစ်ဆေးခဲ့ရာ အမျိုးသမီးဝတ် အင်္ကျီ(၈၅)ထည်အပါအဝင် ကုန်ပစ္စည်း(၃၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၂၇၆,၃၂၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

၎င်းအပြင် ဧပြီ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လှည်းကူးခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့မှ
သတင်းအရ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မင်းလွင်ကုန်း စစ်ဆေးရေးဂိတ်အနီး၊ လမ်းဘေး တစ်နေရာတွင်  စုပုံထား‌သော တရားမဝင်အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်းများအား စိစစ်၍ မရမ်းကုန်းမြို့နယ်၊ နာဂသိုလှောင်ရုံသို့ ပြောင်းရွှေ့ပြီး အသေးစိတ်စစ်ဆေးခဲ့ရာ ချယ်ရီသီးအနီ (၂၇၆)ပုလင်း အပါအဝင် စားသောက်ကုန်ပစ္စည်း (၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၇၀,၀၀၀)ကို ဖမ်ဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဧပြီ ၂၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ပျော်ဘွယ်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်(၁)စီးအား စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း
အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်
Dunlop, Yokohama, Tokyo, Bridgestone (Used Tyres) တာယာ (၁၀၇)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၇၀၀,၀၀၀)နှင့် အဆိုပါ တာယာများ တင်ဆောင် လာသော Nissan Deisel Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၇၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ဧပြီ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနအသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ညောင်လေးပင် ခရိုင်များအတွင်း တရားမဝင် ကျွန်းသစ် (၁၆ ဒသမ ၉၈၂)တန်နှင့် သစ်မာ (၃၀ ဒသမ ၀၄၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈,၅၆၀,၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍ ဧပြလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁)မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၇,၉၅၁,၁၂၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။

(သတင်းစဉ်)