မာန်အောင် ဧပြီ ၂၆
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေး (Booster)ဆက်လက်ထိုး နှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှစ၍ ညနေ ၃ နာရီထိ မြို့နယ် ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စာရင်းများ စနစ်တကျ ကောက်ယူခြင်းများပြုလုပ်ပြီး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် တတိယအကြိမ် လာရောက်ထိုးနှံသူ(၃၂)ဦး၊ စတုတ္ထအကြိမ် လာရောက် ထိုးနှံသူ (၄၆)ဦး၊ ပဉ္စမအကြိမ် လာရောက်ထိုးနှံသူ(၄၀)ဦး စုစုပေါင်း (၁၁၈)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
သိန်းဖေ(ပြန်/ဆက်)