ကျိန္တလီ ဧပြီ ၂၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဧပြီ ၂၅ ရက်က ပြည်သူ့ဆေးရုံတွင် ဆေးထိုးအုပ်စုအလိုက် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်း ရေးသွင်းခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၁၈)နှစ်အထက် ပြည်သူ(၂၂)ဦးနှင့် စတုတ္ထအကြိမ် ထိုးနှံသူ(၉၉)ဦး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်းများ စတုတ္ထအကြိမ် (၁)ဦးနှင့် ပဥ္စမအကြိမ် (၁)ဦး စုစုပေါင်း(၁၂၂)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇော်လင်း(ပြန်/ဆက်)