မကွေးမြို့ ဧပြီ ၂၆
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးမြို့ သံဃာရာမကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ပဓာနဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တစိန္တာသာရအား ဖူးမျှော်ကြည်ညို၍ ဩဝါဒများခံယူကာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ရောက်ရှိကြပြီး တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီး ဦးစီးမှူးရုံး သိုလှောင်ရုံအတွင်း စလင်းမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရန် ဆန်အိတ်များ ပို့ဆောင်ရောက်ရှိလာမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးပို့ဆောင်ထောက်ပံ့သွားရန်၊ သိုလှောင်ရုံ ထိန်းသိမ်းရေး လက်စွဲအတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ရန်နှင့် Inventory Management Software စနစ်တကျအသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကြီးကန်ကျေးရွာ အေးစေတီကျောင်း တိုက်အတွင်း ဖွင့်လှစ်ထားရှိသော အပူရှောင်စခန်းသို့ရောက်ရှိပြီး စခန်းအတွင်း လာရောက်နားခိုလျက်ရှိသည့် ကျေးရွာ အတွင်းမှ ဘိုးဘွားများနှင့်ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြား၍ နံနက်စာနှင့် အချိုရည်များ ဧည့်ခံနိုင်ရေး ထောက်ပံ့ကြေးငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အေးစေတီကျောင်းတိုက်ရှိ ဆရာတော် ဦးကုမာရအား ဖူးမျှော်ကြည်ညိုကာ အပူရှောင်စခန်းများ ဖွင့်လှစ်ပေးနေမှုအခြေအနေကို ရှင်းလင်းလျှောက်ထားပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကြီးချောင်းရပ်ကွက် ဣစ္ဆာလာဘမုနိ ဘုရားဝန်းအတွင်း ဖွင့်လှစ်ထားရှိသော အပူရှောင်စခန်းသို့ရောက်ရှိပြီး စခန်းအတွင်း လာရောက်နားခိုလျက်ရှိသည့် ကျေးရွာအတွင်းမှ ဘိုးဘွားများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်အားပေး စကားပြောကြား၍ နံနက်စာနှင့် အချိုရည်များ ဧည့်ခံနိုင်ရေးအတွက် ထောက်ပံ့ကြေးငွေများကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)