လားရှိုး  ဧပြီ  ၂၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပန်းခင်းစီမံချက် အဆင့်(၂)ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်၏ လမ်းညွှန်မှုဖြင့် ကွတ်ခိုင်မြို့၊ တာမိုးညဲမြို့၊ မုံးစီးဒေသရှိ မန်တပ်ကျေးရွာအုပ်စု၊ နမ့်တောင်းကျေးရွာအုပ်စု၊ ဟိုအက်ကျေးရွာအုပ်စု၊ ကျိန်ဟုန်ပြိန်းခံ ကျေးရွာအုပ်စု၊ မုံးစီးကျေးရွာအုပ်စု၊ ဘန်ကောကျေးရွာအုပ်စု (၆)အုပ်စုအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်ထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူ ဒေသခံသူ(၇၆၈)ဦး၊ အိမ်ထောင်စု (၃၂)စု၊ ကွတ်ခိုင်၊ တာမိုးညဲဒေသရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူ မုန်းဝန်းတိုင်းရင်းသား (၂၄၆)ဦး စုစုပေါင်း (၁၀၁၄)ဦးအား ပြည်သူများ၏ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းမြောက်) ပြည်နယ်ဥက္ကဋ္ဌတို့က အသီးသီးပေးအပ်ခဲ့ကြပြီး ကချင်တိုင်းရင်းသူ ဒေါ်ထုဆန်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမတွင် e-iD SoftWare ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း သွင်းပေးနေမှုကိုကြည့်ရှု၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် လူမှုအင်အားဦးစီးဌာန တာဝန်ရှိသူများမှ လက်ခံရယူကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)