ဧပြီ ၂၇

 

ဂျပန်နိုင်ငံ တိုကျိုမြို့တော်အနီးနာရီတာလေဆိပ်၌ နိုင်ငံတကာခရီးသွား ရောက်ရှိ/ထွက်ခွာမှုများသည် ဂျပန်နိုင်ငံ၏ နွေဦးအားလပ်ရက်များ အတွင်း ယမန်နှစ်ကကိန်းဂဏန်းထက်ငါးဆကျော်ပိုမိုများပြားမည်ဟု ကြိုတင်ခန့်မှန်းထားသည်။ 

 

နာရီတာနိုင်ငံတကာလေဆိပ်ကော်ပိုရေးရှင်း၏ တာဝန်ရှိသူများက ဧပြီ ၂၈ ရက်မှ မေလ ၇ ရက်အတွင်း ၁၀ ရက်တာကာလအတွင်း ဂျပန်နိုင်ငံအတွင်း ဝင်ရောက်/ထွက်ခွာရန် နာရီတာလေဆိပ်အသုံးပြုရသူ ၅၆၅၀၀၀ ကျော်ရှိနိုင်သည်ဟု မျှော်မှန်းထားသည်။

 

နိုင်ငံတကာခရီးသွားအဝင်/အထွက် အရေအတွက်သည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ၅ ဒသမ ၇ ဆ ပိုမိုများပြားမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီ ၂၀၁၉ ခုနှစ် နွေဦးအားလပ်ရက်များက ကိန်းဂဏန်း၏ ၆၀ ရာခိုင်နှုန်းထက်နည်းပါးခဲ့သည်။

 

နာရီတာလေဆိပ်မှထွက်ခွာသူဦးရေ ၃၀၀၀၀၀ ကျော်ရှိနိုင်ပြီး ပြီးခဲ့သည့်နှစ်၏ကိန်းဂဏန်းထက် ခုနစ်ဆကျော်များပြားမည်ဟု တာဝန်ရှိသူများကဆိုသည်။

 

အားလပ်ရက် ၁၀ ရက်အတွင်း နာရီတာလေဆိပ်မှ ဂျပန်နိုင်ငံအတွင်းသို့ဝင်ရောက်မည့် ခရီးသည်အရေအတွက်  ၂၆၄၀၀၀ ကျော်ရှိနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။ 

 

နာရီတာနိုင်ငံတကာကော်ပိုရေးရှင်းအကြီးအကဲဖြစ်သူ တာမူရာအာကီဟီကိုက ခရီးသွားများအား ၎င်းတို့၏ လေကြောင်းခရီးများ အတွက်  စောစီးစွာဝင်ရောက်ရန် အကြံပြုပြောကြားထားသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို